လ - စက်တင်ဘာ 2025

ခရစ်တော်အတွက် တပည့်တော်များဖြစ်စေခြင်း

ဘတ်စကတ်ဘော၏အစောပိုင်းရာသီတွင် ကျွန်မတို့ရပ်ကွက်ရှိ အလယ်တန်းကျောင်း၏ နည်းပြဆရာက သူ၏ကစားသမားများအား ဘောလုံးကို စွန့်စားပစ်သွင်းရန် အလွန်အမင်း ကြိုးစားစည်းရုံးနေခဲ့သည်။ “သွင်းလိုက်”ဟု ကွင်းဘေးမှ သူအော်ဟစ်ခဲ့သည်။ စိတ်အားထက်သန်နေသော သူ၏ကစားသမားများသည် ဘောလုံးကို လက်ဆင့်ကမ်းပေးခဲ့ကြသည်။ ဘောလုံးကို ရိုက်ပုတ်သယ်သွားခြင်းကိုလည်း သူတို့နှစ်သက်သည်။ သူတို့၏သံသယများ မရှင်းမီ ဘောလုံးပစ်ကာဂိုးသွင်းရန်ကြိုးစားရင်းနှင့်ပင် ရာသီတစ်ဝက်ကုန်သွားခဲ့သည်။ သို့သော် “ဂိုးသွင်းရန် ကြိုးစားခြင်း”က အနေအထားကို တစ်မူကွဲပြားစေခဲ့သည်။ သူတို့၏သံသယများကို စွန့်ပြီး သူတို့၏နည်းပြကို နာခံခြင်းဖြင့်၊ မကြာခဏ ပစ်မှတ်ကို လွှဲချော်ခဲ့သည့်တိုင် သူတို့အနိုင်ယူရန် သင်ယူခဲ့သည်။

တပည့်တော်ဖြစ်ရန် သခင်ယေရှု၏ခေါ်သံကို နာခံလိုက်လျှောက်နိုင်ရေး သံသယများကိုစွန့်ပစ်ရန် သခင် ကျွန်ုပ်တို့ကို သွန်သင်ခဲ့သည်။ “ယေရှုသည် အနီး အပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌ လည်းကောင်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌…

ဘဝ၏ အနိဋ္ဌာရုံများကို အောင်နိုင်ခဲ့သူ ယောသပ်

ယောသပ်

ဘဝ၏ စိန်ခေါ်မှုများကို ကျော်လွှားအောင်နိုင်ခဲ့ခြင်း

 

“ဘောလုံးပွဲ ငါးပွဲကို ဆက်တိုက်ရှုံးရတာက ဆိုးလှပြီ၊ ဒါထက် စိတ်ပျက် ဖို့ ကောင်းတာက ကျွန်တော်တို့ဟာ အမှားတစ်ခုကို ထပ်ခါထပ်ခါ မှားကြတယ်၊ အဲဒီအမှားကနေ ဘာသင်ခန်းစာမှ မယူလိုက်နိုင်တာက ပိုဆိုးတယ်ဗျာ”ဟု နည်းပြတစ်ဦးက ညည်းဖူးသည်။

           နာကြည်းစွာခံစားရသော ဆုံးရှုံးမှုများကို ကစားကွင်းပြင်ပ ဘဝ အသက်တာ့လည်း ကြုံတွေ့ရတတ်သည်၊ ဆုံးရှုံးမှုအတွက် နာကြည်း ရခြင်းထက် ထိုအရှုံးမှ ဘာသင်ခန်းစာမှ မရလိုက်ခြင်းက ဝမ်းနည်းဖွယ် အခံရအခက်ဆုံးဖြစ်ကြောင်း တဖြည်းဖြည်း သဘောပေါက်တတ်လာသည်။

          ဘုရားသခင်သည် ကျွန်ုပ်တို့၏ကောင်းကျိုးအတွက် လုပ်ဆောင် နေကြောင်း အမှန်ယုံကြည်လျှင် ခက်ခဲသော၊ နာကျင်သော၊ မျက်ရည် လွှမ်းသော အတွေ့အကြုံများကို အခွင့်ပေးလျက် ဘဝစာသင်ခန်း၌ သင်ယူရန် အ‌ရေးကြီးသည့် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်ပေ၏။

          ဓမ္မဟောင်းကျမ်းမှ ယောသပ်သည် အလွန်ခဲယဉ်းသော အခြေအနေများမှ ကြောက်မက်ဖွယ် အန္တရာယ်၊ ပြဿနာများကို ကျော်လွှား အနိုင်ယူခဲ့သည်။…

ဘုရားသခင်၏နူးညံ့သောဂရုစိုက်မှု

မိခင်က သူမ၏မွေးကင်းစကလေးငယ်ကို ရင်ခွင်ထဲ၌ ပွေ့ပိုက်ထားပြီး၊ သူမနှင့်အတူ ဆေးရုံသို့ ကျွန်မလိုက်သွားကာ မွေးကင်းစကလေးငယ် အထူးကြပ်မတ် ကုသဆောင်ဌာနတွင် ထိုင်စောင့်နေခဲ့သည်။ နည်းပညာအဆင့်မြင့် ဆေးဘက်ဆိုင်ရာဌာနတွင် ဆရာဝန်များက ကလေးငယ်၏ကျန်းမာရေးကို မြှင့်တင်ရန်နှင့် အားကောင်းစေရန် အလွန်ရိုးရှင်းသောညွှန်ကြားချက်ကို အကြံပြုထောက်ခံခဲ့သည်။ ထိုညွှန်ကြားချက်မှာ အသစ်စက်စက်မိခင်သည် သူမ၏သမီးငယ်ကို ရိုးရိုးလေး ပွေ့ချီသည့်အချိန်ကို တိုး၍ကြာကြာချီထားရန် ဖြစ်သည်။

ကလေးငယ်တစ်ဦးအား သက်သာစေသော နှစ်သိမ့်မှုမျိုးကိုပေးရန်မှာ မိဘ၏ ကြီးမားသောချစ်ခြင်းမေတ္တာနှင့် နူးညံ့သောကရုဏာမှတစ်ပါး အခြားမရှိပါ။ ဤသို့ အားကြီးသောပုံရိပ်မျိုးကို ဘုရားသခင်နှင့်သူ၏လူမျိုးများအား ပုံဖော်ထားသည့် ပရောဖက်ဟေရှာယ၏အနာဂတ္တိကျမ်းတွင် တွေ့နိုင်ပါသည်။

ဣသရေလလူမျိုးများသည် ဘုရားသခင်ကို ငြင်းပယ်သောကြောင့် ပြည်နှင်ဒဏ်ခံရမည်ဖြစ်ကြောင်း ပရောဖက်ပြုထားသည့်တိုင် (ဟေရှာယ၃၉:၅-၇) ဘုရားသခင်သည် သူတို့အား ချစ်သေးကြောင်းနှင့် အမြဲထောက်ပံ့မည်ဖြစ်ကြောင်း ဣသရေလလူမျိုးများအား ဟေရှာယပြောကြားခဲ့သည်။ ချစ်ခင်တတ်သောဖခင်ပမာ သူ၏ သိုးသူငယ်တို့ကို ချီ၍ ပွေ့ပိုက်တော်မူသည့် သိုးထိန်းအဖြစ် လှပစွာတင်စားသည့် ဥပမာတွင် ဘုရားသခင်၏သနားညှာတာမှုနှင့်…

အောင်မြင်ခြင်းကိုဖြစ်စေသော ယုံကြည်ကိုးစားမှု

 

ဘဝ၏အောင်မြင်ခြင်းကိုဖြစ်စေသော ယုံကြည်ကိုးစားမှု

 

ယောသပ်၏ဘဝအမြင်ကို က ၅၀း၂၀ ၌ တွေ့ရသည်။ “သင်တို့သည် ကျွန်ုပ်ကို ညှဉ်းဆဲမည်ကြံသော်လည်း ဘုရားသခင်သည် ယနေ့ ဖြစ်သည်အတိုင်း လူများအသက်ချမ်းသာစေခြင်းငှာ ကျေးဇူးပြုမည် ကြံတော်မူ၏”ဟု အစ်ကိုကြီးတို့ကို ပြောသော ယောသပ်၏…

မုန်းတီးခါးသီးစိတ်ကို အောင်နိုင်ခြင်း

ဘဝ၏ ဘဝတွင် ကြုံရသော စိန်ခေါ်မှုများကို အောင်နိုင်ခြင်း

မုန်းတီးခါးသီးစိတ်ကို အောင်နိုင်ခြင်း

 

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီးနောက် စစ်အတွင်း ပြစ်မှုကျူးလွန်ခဲ့သူများကို Nuremberg စစ်ခုံရုံးသို့တင် တရားစွဲဆိုစစ်ဆေးခဲ့သည်။ တရားခံတစ်ယောက်က တရားစွဲသူ အရာရှိအား “ခင်ဗျားရဲ့ စွပ်စွဲချက်တွေက ခင်ဗျားရဲ့ စကားတွေပဲ။ တစ်ခုမှ အခြေအမြစ်မရှိဘူး”ဟု ခုခံလိုက်သည်။…

ကရုဏာတော်အား လိုက်လံရှာဖွေခြင်း

သူမ၏ပရိသတ်များက သူမကို နိုက်ဘာဒီ(Nightbirdie)အဖြစ်သိကြသည်။ တေးရေးတေးဆို ဂျိန်းခရစ္စတင်မာ့ဇူစကီး (Jane Kristen Marczewski)သည် ၂၀၂၁ ခုနှစ်၌ နာမည်ကြီး စွမ်းရည်ပြတီဗွီရှိုးတစ်ခုတွင် ပရိသတ်အများအပြား ရရှိခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် သူမသည် ရင်သားကင်ဆာအဆင့် ၃ ဖြစ်နေကြောင်း သိခဲ့ရပြီး၊ ၂၀၁၈ တွင် ပြန်လည်သက်သာခဲ့သည်။ နေရာအနှံ့ ခရီးသွားခဲ့သော်လည်း လများစွာကြာပြီးနောက် ကင်ဆာရောဂါပြန်ပေါ်လာခဲ့သည်။ သူမတွင် ရှင်သန်ရန် အခွင့်အရေးအနည်းငယ်သာ ကျန်ရှိတော့သည်။ အံ့ဩစရာကောင်းသည်မှာ သူမပြန်လည်သက်သာလာခဲ့ပြီး၊ ကင်ဆာအရှင်းပျောက်ကင်းပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ သို့သော် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် နိုက်ဘာဒီ ကွယ်လွန်သွားခဲ့သည်။

သူမ၏ခက်ခဲသောဘဝခရီးလမ်းတွင် “ဣသရေလလူမျိုးများအား ဆယ်စုနှစ်ပေါင်းများစွာ လမ်းပျောက်စေခဲ့သည့်ဘုရားထံ ကျွန်မဆုတောင်းနေတယ်ဆိုတာ ကျွန်မကိုယ်ကျွန်မ သတိပေးနေခဲ့တယ်။ သူတို့က မြန်မြန်ရောက်ဖို့ တောင်းဆိုခဲ့ပေမဲ့ ဘုရားသခင်က သူတို့ကို တောမှာ လှည့်လည်စေခဲ့တယ်။ သူတို့ မတောင်းတဲ့ဆုကို…